Warriors League Dota 2 Online Tournament Banner Image

Warriors League Dota 2 Online Tournament

Monday, Dec 14, 2020, 09:00 am - Thursday, Jan 7, 2021, 09:00 pm (MMT)
Myanmar

Warriors League Dota 2

Rules and Regulations

1.ကစားသမားတစ်ယာက်၏ လိုအပ်ချက်များ

1.1. ကစားသမားအားလုံးသည် မြန်မာနိုင်ငံသား ဖြစ်ရမည်။

1.2. ကစားသမားတစ်ဦးသည် အသင်းတစ်သင်းအတွက် စာရင်းသွင်းပြီးပါက အခြားအသင်းများအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါ။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းကိုတွေ့ရှိပါက အဆိုပါ ကစားသမားသည် ပြိုင်ပွဲမှထုတ်ပယ်ခြင်းခံရမည်။

1.3. ကစားသမား အားလုံးသည် အခြေအနေအကြောင်းကြောင်းကြောင့် ပြောင်းလဲသွားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။

 

2.အသင်းတစ်သင်းတွင် ပါရမည့် ကစားသမားများ

2.1. ယှဉ်ပြိုင် ကစားမည့် အဓိက ကစားသမား (၅) ဦး၊

2.2. အရန် ကစားသမား (1) ဦး (အရန်ကစားသမားရှိပါက)

2.3. အရန် ကစားသမား ပါဝင်ခြင်း မပါဝင်ခြင်းကို အသင်းက ဆုံးဖြတ်ပိုင်ခွင့် ရှိပါသည်။

2.4. အရန်ကစားသမားရှိပါက အသင်းမှတ်ပုံတင်ခြင်း (Registration) ပြုလုပ်ချိန်တွင် အရန် ကစားသမားပါ တစ်ပါတည်း ပူးတွဲစာရင်းသွင်းရန် လိုအပ်ပါသည်။

2.5 ပြိုင်ပွဲဝင်အသင်းများ အတည်ပြုကြေညာချိန်မှစတင်၍ ယှဉ်ပြိုင်ပါဝင်မည့် ကစားသမားစာရင်းကို အလိုအလျောက်အတည်ပြုသွားမည်ဖြစ်သည်။ 

 

3.စာရင်းသွင်းခြင်းဆိုင်ရာ စည်းမျဉ်းများ

3.1. ကစားသမား အပြောင်းအလဲပြုလုပ်ခြင်းကို ပြောင်းလဲခြင်း လုံးဝ ခွင့်မပြုပါ။ ကစားသမားများသည် ပြိုင်ပွဲစတင်ချိန်မှစတင်၍ ယှဉ်ပြိုင်နေစဉ်ကာလအတွင်း မိမိတို့သဘောဆန္ဒအလျောက် လူစားထိုးခြင်း၊ ကစားသမားများ ပြောင်းလဲဆော့ကစားခြင်းများကိုလည်း လုံး၀ (လုံးဝ) ခွင့်ပြုမည် မဟုတ်ပါ။

3.2. အသင်းခေါင်းဆောင် ( Team Leader ) သည်သာ ထိုအသင်း၏ တာဝန်ရှိသူအဖြစ် ပြိုင်ပွဲဝင်အသင်းများ အတည်ပြုကြေညာချိန်မှစတင်၍ သတ်မှတ်သွားမည်ဖြစ်ပါသည်။

3.3. မှတ်ပုံတင်ပြီးသော အသင်းများ၏ ကိုယ်စားပြုအမှတ်တံဆိပ် (Logo) များ၊ အသင်းနှင့်သက်ဆိုင်သော Video များ၊ ဓါတ်ပုံမှတ်တမ်းများ၊ ရိုက်ကူးရေးနှင့် အခြားမှတ်တမ်းတင်ခြင်းများကို Media Partner များမှဖြစ်စေ (သို့) တာဝန်ရှိသူများမှဖြစ်စေ ပြိုင်ပွဲအတွက် လိုအပ်သလိုအသုံးပြုမည်ကို လက်ခံပါသည်ဟု အလိုအလျောက်သတ်မှတ်သွားမည် ဖြစ်ပါသည်။

3.4. Register Form ဖြည့်သွင်းရာတွင် အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်ရမည်။ အချက်အလက်များ မှန်ကန်မှုမရှိပါက ပြိုင်ပွဲဝင်စာရင်းမှ ပယ်ဖျက်ခြင်း ခံရမည်။

 

4.ပြိုင်ပွဲအချိန်ဇယားနှင့် စည်းကမ်းချက်များ

4.1. ယှဉ်ပြိုင်မည့်အသင်းများသည် ပြိုင်ပွဲမစခင် နာရီဝက်ကြို၍ တာဝန်ရှိသူများထံ ရောက်ရှိကြောင်း Check-in သတင်းပို့ရမည်။

4.2. ပြိုင်ပွဲအချိန်ဇယားများကို Warriors League Facebook Page Warriors League Facebook Group နှင့် သက်ဆိုင်ရာ Discord Channel မှ တစ်ဆင့် ကြေညာသွားမည်ဖြစ်သည်။ 

4.3. ပြိုင်ပွဲအချိန်စသည်နှင့် ယှဉ်ပြိုင်ရမည့် အသင်းများသည် In-game Lobby သို့ဝင်ရန် အသင့်ပြင်ထားရမည်။ သတ်မှတ်ချိန်ထက် 15 မိနစ်ကျော်အထိ Check-in မလုပ်ထားသည့် အသင်းများကို စောင့်ဆိုင်းမည်မဟုတ်ပဲ အဆိုပါ နောက်ကျသော အသင်းအား အလိုအလျောက်အရှုံး အဖြစ် သတ်မှတ်သွားမည်ဖြစ်ပါသည်။

4.4. ပြိုင်ဘက်သင်းမှ ထပ်မံစောင့်ဆိုင်းရန် သဘောတူပါက ငါးမိနစ်အတွင်း In-game Lobby သို့ ဝင်ရောက်ရမည်ဖြစ်သည်။ ငါးမိနစ်ထက် ပို၍နောက်ကျပါက Warriors League Admin Team ၏ ဆုံးဖြတ်ချက်ဖြင့် ထိုပွဲစဉ်အတွက် အရှုံး အဖြစ် သတ်မှတ်သွားမည် ဖြစ်သည်။

4.5. မိမိ တွေ့ဆုံမည့်ပြိုင်ဘက် အသင်းနှင့် Discord မှ ဖြစ်စေ ဖုန်းခေါ်ဆိုခြင်းဖြစ်စေ ချိတ်ဆက်၍ ကစားရမည်။

 

5.Game Format

Game Setting : Dota 2  - PC

Tournament Mode - Captain Mode

Server - Singapore

Spectator - Enabled

Victory Condition - ပြိုင်ဘက်အသင်း၏ Throne ကို အရင်ဆုံး ချိုးနိုင်လျှင် (သို့မဟုတ်) ပြိုင်ဘက်အသင်းက All Chat တွင် Gg (သို့မဟုတ်) Good Game ဟု‌ရေးလျှင် အနိုင်ရရှိပါမည်။

 

Best of 2

Game 1: Coin Toss Winner သည် First Pick/Last Pick သို့မဟုတ် Radiant/ Dire Side ကိုရွေးချယ်ခွင့်ရရှိမည်။ တစ်ဖက်အသင်းသည် Coin Toss Winner မရွေးသည့် Pick/ Side များကိုသာ ရရှိမည်ဖြစ်သည်။

Game 2: Game 1 Coin Toss Loser သည် First Pick/Last Pick သို့မဟုတ် Radiant/ Dire Side ကိုရွေးချယ်ခွင့်ရရှိမည်။ 

 

Best of 3

Game 1: Coin Toss Winner သည် First Pick/Last Pick သို့မဟုတ် Radiant/ Dire Side ကိုရွေးချယ်ခွင့်ရရှိမည်။ တစ်ဖက်အသင်းသည် Coin Toss Winner မရွေးသည့် Pick/ Side များကိုသာ ရရှိမည်ဖြစ်သည်။

Game 2: Game 1 Coin Toss Loser သည် First Pick/Last Pick သို့မဟုတ် Radiant/ Dire Side ကိုရွေးချယ်ခွင့်ရရှိမည်။ 

Game 3: နောက်တစ်ခါ Coin Toss ပြန်လည်ပြုလုပ်ရမည်။

 

Best of 5

Game 1: Coin Toss Winner သည် First Pick/Last Pick သို့မဟုတ် Radiant/ Dire Side ကိုရွေးချယ်ခွင့်ရရှိမည်။ တစ်ဖက်အသင်းသည် Coin Toss Winner မရွေးသည့် Pick/ Side များကိုသာ ရရှိမည်ဖြစ်သည်။

Game 2: Game 1 Coin Toss Loser သည် First Pick/Last Pick သို့မဟုတ် Radiant/ Dire Side ကိုရွေးချယ်ခွင့်ရရှိမည်။ 

Game 3: နောက်တစ်ခါ Coin Toss ပြန်လည်ပြုလုပ်ရမည်။ Coin Toss Winner သည် First Pick/Last Pick သို့မဟုတ် Radiant/ Dire Side ကိုရွေးချယ်ခွင့်ရရှိမည်။ တစ်ဖက်အသင်းသည် Coin Toss Winner မရွေးသည့် Pick/ Side များကိုသာ ရရှိမည်ဖြစ်သည်။

Game 4: Game 3 Coin Toss Loser သည် First Pick/Last Pick သို့မဟုတ် Radiant/ Dire Side ကိုရွေးချယ်ခွင့်ရရှိမည်။ 

Game 5: နောက်တစ်ခါ Coin Toss ပြန်လည်ပြုလုပ်ရမည်။



6.Tournament Format

  • Participants
    • Two invited teams
    • Two teams from an Challenger Stage
  • Challenger Stage - December 22th - December 30th
    • Group stage
        • Round Robin
        • All matches are Bo2
      • Knock out Stage
        • Single-elimination bracket
        • B03
  • Playoffs - January 1st - January 3rd
    • Double-elimination bracket
    • All matches except Grand Final are Bo3
    • Grand Final is Bo5

 

7.In-Game စည်းကမ်းချက်များ

7.1. Third Party Application များသုံပြီး Cheat လုပ်၍ ယှဉ်ပြိုင်ဆော့ကစားခွင့် ပြုမည်မဟုတ်ပါ။ ဆက်သွယ်ရေးအတွက် Discord နှင့် အခြား Keyboard Mouse setup များကိုသာ အသုံးပြုရမည်။

7.2.  ပြိုင်ပွဲတွင် Disconnect ဖြစ်သွားပါက Warriors League Admin Team ကိုဆက်သွယ်၍ ပြိုင်ပွဲခဏ ရပ်ပေးရန် တောင်းဆိုနိုင်သည်။ နှစ်ဖက်အသင်းမှ ခေါင်းဆောင်များက အဆင်သင့်ဖြစ်ကြောင်း အကြောင်းပြန်မှ ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရမည်။ မီးပျက်ခြင်း၊ Connection Lag ခြင်းများအတွက် ပြိုင်ပွဲခေတ္တရပ်နားခြင်းကို တစ်သင်းလျှင် ဂိမ်းတစ်ပွဲလျှင် စုစုပေါင်း၁၅ မိနစ်ထိခွင့်ပြုပေးထားမည်ဖြစ်သည်။

7.3. Brackets ၏ အပေါ်အသင်းသည် Lobby ထောင် ရမည့် အသင်းဖြစ်သည်။

7.4.  ပွဲကစားနေစဉ်အတွင်း Main Server မှ Error တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါက သက်ဆိုင်ရာ Admin မှ စိစစ်၍ ၎င်းပွဲအား ပြန်လည်ဆော့ကစားစေမည်ဖြစ်ပါသည်။

7.5. အကြောင်းတစ်စုံတစ်ရာကြောင့် ပြန်လည်ဆော့ကစားခြင်းများ ဖြစ်ပေါ်လာပါက မူလပွဲ၏ လူစာရင်း၊ In-game နေရာနှင့် ရွေးချယ်ခဲ့သော Heroes များကို မူလပွဲစဉ်အတိုင်း ပြန်လည်ရွေးချယ်၍ ဆော့ကစားရမည်ဖြစ်သည်။

7.6. ယှဉ်ပြိုင်ဆော့ကစားနေစဉ်အတွင်း အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက Admin Team ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

7.7. ပြိုင်ပွဲဝင်များအနေနှင့် ကစားနေစဉ် အချိန်အတွင်း live လွှင့်ခွင့်မရှိပါ။

 

8.Bug / Cheats & Hacks

8.1. Hack ခြင်း၊ Bug များကို အသုံးချခြင်း၊ အခြား Third party software အသုံးပြုခြင်းများကို ခွင့်မပြုပါ။ တွေ့ရှိပါက ပြိုင်ပွဲမှချက်ချင်းထုတ်ပယ်သွားမည်။

 

9.ဆက်သွယ်ရေးအသုံးပြုရမည့် သတ်မှတ်ချက်

9.1. အသင်း၏ခေါင်းဆောင်များသည် ပြိုင်ပွဲအချိန်ဇယားနှင့် ပြိုင်ပွဲအတွက် ကြေညာချက်များကို သိရှိရန် သတ်မှတ်ထားသောတရားဝင် Warriors League Facebook Page/ Warriors League Facebook Group နှင့် Discord channel အားဝင်ရောက်ထားရမည်။

9.2. သက်ဆိုင်ရာ Discord channel တွင် ပြိုင်ပွဲ Check -in၊ Report နှင့် Result Post များနှင့် သက်ဆိုင်သောအချက်အလက်များကို တင်ပြရမည်။

9.3. Result Post တွင် …

9.3.1. အုပ်စုအမှတ်စဉ် နှင့်ပြိုင်ပွဲအမှတ်စဉ်

9.3.2. မိမိအသင်းအမည် နှင့် တဖက်အသင်းအမည်

9.3.3. အနိုင်ရရှိသောအသင်း တို့ကို Screen Shot ဖြင့် ပေးပို့ပြသရမည်။

 

10.အခြေခံပြုမူနေထိုင်မှုများ

10.1. ပြိုင်ပွဲအတွင်း ဆဲရေးတိုင်းထွာခြင်းကို လုံးဝခွင့်မပြုပါ။

10.2. ကစားသူများသည် ကစားပွဲတိုင်းကို တာဝန်ယူစိတ်အပြည့်နှင့် ဆော့ကစားရမည်ဖြစ်ပြီး ပြိုင်ပွဲ ပယ်ဖျက်ခြင်း၊ ကစားနေစဉ် အကြောင်းမဲ့ ရပ်နားခြင်းများ ပြုလုပ်ပါက ပြိုင်ပွဲတွင်း အပြစ်ပေးချက်များ ချမှတ်နိုင်ကာ ပြိုင်ပွဲမှပင် ထုတ်ပယ်နိုင်သည်။

10.3. ပြိုင်ပွဲကျင်းပသူများသည် စာရင်းသွင်းထားသော မည်သည့်ကစားသမားကိုမဆို အကြောင်းအရင်းခိုင်လုံပါက ကြိုတင်သတိမပေးပဲ ထုတ်ပယ်နိုင်သည်။

10.4. ကစားသမားများသည် ပွဲစဉ်တစ်လျှောက်တွင် မိမိကိုယ်တိုင်မကစားဘဲ တခြားသူအား ဝင်ရောက်ဆော့ကစားစေခြင်းကို လုံး၀ ခွင့်လွှတ်မည်မဟုတ်ဘဲ ကစားခိုင်းသူနှင့် ကစားသူ ၂ ယောက်လုံးကို Warriors League မှပြုလုပ်သော ပြိုင်ပွဲတိုင်းတွင် ပါဝင်ခွင့် ပိတ်ပင်သွားမည်ဖြစ်သည်။

  

12.ပြစ်ဒဏ်များ

13.1. ပြိုင်ပွဲဝင်များအနေဖြင့် စည်းကမ်းချက်များကိုဖောက်ဖျက်ကြောင်း တွေ့ရှိပါက Disqualified team အဖြစ်သတ်မှတ်သွားမည်ဖြစ်သည်။

 

ပွဲကျင်းပသူ၏ လုပ်ပိုင်ခွင့်

ပွဲကျင်းပသူသည်အထက်ဖော်ပြပါစည်းကမ်းချက်များအပြင် အခြေအနေပေါ်မူတည်၍ သင့်တော်သလို ဆုံးဖြတ်နိုင်ပြီး ပြိုင်ပွဲနောက်ဆုံးဆုံးဖြတ်ချက်သည် Warriors League ပွဲကျင်းပသူ၏ ဆုံးဖြတ်ချက်ကိုသာ အတည်ဟု သတ်မှတ်မည်ဖြစ်ပါသည်။

Note

ပြိုင်ပွဲနှင့်သက်ဆိုင်သည့် အသင်းအတွက် Photoshoot ၊ Promo Video Shooting ၊ Interview စသည့် Media Content များအားလုံးတွင် ပြိုင်ပွဲဝင်အသင်းများ အနေဖြင့် ပါဝင် ပေးရန် Warriors League Admin Team မေတ္တာရပ်ခံလိုပါသည်။